MASIGNALPHA101

အေမရိကန္အမ်ဳိးသမီးတဦးကို အုပ္စုဖြဲ႔အဓမၼျပဳက်င့္သည့္ ျမန္မာအလုပ္သမား ၃ ဦး

အေမရိကန္အမ်ဳိးသမီးတဦးကို အုပ္စုဖြဲ႔အဓမၼျပဳက်င့္သည့္ ျမန္မာအလုပ္သမား ၃ ဦး
Saturday, April 28, 2018


ထိုင္းႏိုင္ငံေျမာက္ပိုင္း ခ်င္းမိုင္ခ႐ုိင္ထဲမွာ အေမရိကန္ႏိုင္ငံသူ အမ်ိဳးသမီးတဦးကို အုပ္စုဖြဲ႔မုဒိမ္းက်င့္မႈနဲ႔ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၃ ဦး ဒီကေန႔မနက္က ဖမ္းဆီးခံခဲ့ရတယ္လို႔ ခ်င္းမိုင္နယူးစ္သတင္းမွာ ေဖာ္ျပပါတယ္။

ခ်င္းမိုင္ခ႐ိုင္ ဒိြဳင္စကစ္ၿမိဳ႕နယ္ ဆန္ပူေလြးအုပ္စု ပါေဆာ၀့္ႏြဲ႔ရပ္ကြက္ထဲမွာ ဒီကေန႔မနက္ ညဥ့္သန္းေခါင္ေက်ာ္ ၁၂ နာရီခြဲ အခ်ိန္က ကမၻာလွည့္ခရီးသြား ဧည့္သည္ အမ်ိဳးသမီးတဦး အုပ္စုဖြဲ႔ မုဒိမ္းက်င့္ခံရေၾကာင္း ရပ္ကြက္လံုၿခံဳေရးအဖြဲ႔ သတင္းေပးခ်က္ရလို႔ သြားေရာက္စစ္ေဆးၿပီး သက္ဆိုင္ရာတရားခံေတြကို လိုက္လံဖမ္းဆီးခဲ့တယ္လို႔ ဒြိဳင္စကစ္ၿမိဳ႕နယ္ရဲ စခန္းမႉး ဆူရိယြန္း က်န္ဆိုင္က သတင္းေထာက္ေတြကို ေျပာပါတယ္။

အခင္းျဖစ္တဲ့ေနရာဟာ ပါေဆာ၀့္ႏြဲ႔ရပ္ကြက္ရွိ အိမ္ဆိုင္တဆိုင္အနီးမွာ ရွိေၾကာင္း၊ သူတို႔ေရာက္သြားတဲ့အခ်ိန္မွာ ေစ်းဆိုင္ရွင္နဲ႔ ရပ္ကြက္လံုၿခံဳေရးအဖြဲ႔သားေတြက အရက္မူးေနတဲ့ ျမန္မာေရႊ႕ေျပာင္းလုပ္သားစိုင္းႏြဲ႔ ( အသက္ ၃၇ ) ႏွစ္ကို ဖမ္းဆီးထားၿပီး တာ၀န္ရွိသူေတြကို ေစာင့္ဆိုင္းေနၾကတယ္လို႔ ဆိုပါတယ္။

ယမန္ေန႔ညက ေစ်းဆိုင္အနီးရွိ မန္က်ည္းပင္ေအာက္မွာ အမ်ိဳးသမီးတဦးကို လူတစု၀ိုင္းေန တာေတြ႔လို႔ ၀င္ေရာက္သြားစဥ္ အမ်ိဳးသားေတြထြက္ေျပးကုန္ေၾကာင္း၊ အသက္ ၂၅ ႏွစ္ရြယ္ အေမရိကန္သူ အမ်ိဳးသမီးတဦးက မတရားက်င့္ခံရေၾကာင္း တိုင္ၾကားတဲ့အတြက္ ထြက္ေျပး သူေတြကိုလိုက္လံဖမ္းဆီးရာမွာ တဦးသာဖမ္းမိၿပီး က်န္တဲ့ ႏွစ္ဦးထြက္ေျပးလြတ္ေျမာက္သြား တယ္လို႔ ရပ္ကြက္လံုၿခံဳေရးက တာ၀န္ရွိသူေတြကို ေျပာပါတယ္။

ရဲတပ္ဖြဲ႔က စိုင္းႏြဲ႔ကိုဖမ္းဆီးထားၿပီး က်န္တဲ့အေပါင္းပါေတြကို လိုက္လံရွာေဖြရာမွာ မနက္ ၁ နာရီ ခြဲေလာက္မွာေတာ့ ေဆာက္လုပ္ေရးအလုပ္သမားတန္းလ်ားဆီ ျပန္၀င္လာတဲ့ ျမန္မာေရႊ႔ေျပာင္းလုပ္သား ႏိုင္းဒမ္ (၂၂ ႏွစ္)နဲ႔ ႏိုင္းဒဲန္ (၂၂ ႏွစ္) တို႔ ကို ထပ္မံဖမ္းဆီးရမိခဲ့တယ္လို႔ ဆိုပါတယ္။

ဖမ္းဆီးထားသူေတြကို အေမရိကန္အမ်ဳိးသမီးအား ျပသရာမွာ သူမက သူတို႔ ၃ ဦးလံုး ယမန္ေန႔ညက သူမကို မုဒိမ္းက်င့္ခဲ့တဲ့သူေတြ ဟုတ္မွန္ေၾကာင္းေျပာပါတယ္။

သူတို႔ထဲက ႏိုင္းဒမ္ဆိုသူရဲ႕ ေျပာျပခ်က္မွာေတာ့ သူတို႔ဟာ အဆိုပါအေမရိကန္သူကို မုဒိမ္းက်င့္တာ မဟုတ္ရေၾကာင္း၊ ယမန္ေန႔ညက အဲဒီနားက အိမ္ဆိုင္မွာ သူတို႔ ၃ ဦးေရာ၊ အေမရိကန္သူနဲ႔ ႏိုင္ငံျခားသား အမ်ိဳးသားတဦးပါ အရက္၀ိုင္းေသာက္ေနၾကေၾကာင္း၊ အားလံုးဟာ မူးယစ္ေနၾကၿပီး အေမရိကန္သူက သူတို႔ကို အထာေပးေနသလို သူနဲ႔လိုက္ပါလာတဲ့ အမ်ိဳးသားကလည္း ဘာမွ၀န္တိုရန္လိုဟန္မျပဘူးလို႔ ေျပာပါတယ္။

ဒါေၾကာင့္ ေဘာင္းဘီတိုျပတ္၀တ္ဆင္ထားတဲ့ အမ်ိဳးသမီးကို ကိုင္တြယ္ရိပါးခဲ့ၾကေၾကာင္း၊ အမ်ိဳးသမီးကအေပ့ါသြားဖို႔ ေနာက္ဘက္ထြက္သြားစဥ္ သူတို႔လည္း အေနာက္ကလိုက္လာခဲ့ၿပီး အေမွာင္တေနရာေရာက္ေတာ့ အနီးရွိမန္က်ည္းပင္ေအာက္ကို ဆြဲေခၚကာ တလွည့္စီ လိင္ဆက္ဆံခဲ့ေၾကာင္း၊ သူတို႔ျပဳမူတာေတြကို အမ်ိဳးသမီးက ဘာမွတုံ႔ျပန္ျငင္းဆန္မႈမျပဳေၾကာင္း၊ ဒါေပမယ့္ ေက်းရြာလံုုၿခံဳေရးအဖြဲ႔ေတြက လက္ႏွိပ္ဓာတ္မီးထိုးၿပီး ၀င္ေရာက္လာတဲ့အခါမွာ အမ်ိဳးသမီးက ေအာ္လိုက္သလို သူတို႔လည္း ထြက္ေျပးခဲ့ၾကေၾကာင္း၊ ႏိုင္းႏြဲ႔က အရင္ဆံုး အဖမ္းခံရၿပီး သူတို႔က ေနာက္မွ အဖမ္းခံရတာလို႔ ထြက္ဆိုသြားပါတယ္။

ဒီကေန႔ မနက္ မိုးလင္းတဲ့ခါမွာေတာ့ တာ၀န္ရွိသူေတြက သူတို႔ ၃ ဦးစလံုးကို အခင္းျဖစ္ပြားရာ ေနရာသို႔ ျပန္လည္ေခၚေဆာင္လာၿပီး ယမန္ေန႔ညက လုပ္ေဆာင္ခ်က္ေတြကို ျပန္လည္သ႐ုပ္ျပခိုင္းခဲ့ပါတယ္။

Credit - DVB Burmese

==========


Unicode

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်ထဲမှာ အမေရိကန်နိုင်ငံသူ အမျိုးသမီးတဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့်မှုနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ဦး ဒီကနေ့မနက်က ဖမ်းဆီးခံခဲ့ရတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။

ချင်းမိုင်ခရိုင် ဒွိုင်စကစ်မြို့နယ် ဆန်ပူလွေးအုပ်စု ပါဆောဝ့်နွဲ့ရပ်ကွက်ထဲမှာ ဒီကနေ့မနက် ညဉ့်သန်းခေါင်ကျော် ၁၂ နာရီခွဲ အချိန်က ကမ္ဘာလှည့်ခရီးသွား ဧည့်သည် အမျိုးသမီးတဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရကြောင်း ရပ်ကွက်လုံခြုံရေးအဖွဲ့ သတင်းပေးချက်ရလို့ သွားရောက်စစ်ဆေးပြီး သက်ဆိုင်ရာတရားခံတွေကို လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဒွိုင်စကစ်မြို့နယ်ရဲ စခန်းမှူး ဆူရိယွန်း ကျန်ဆိုင်က သတင်းထောက်တွေကို ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာဟာ ပါဆောဝ့်နွဲ့ရပ်ကွက်ရှိ အိမ်ဆိုင်တဆိုင်အနီးမှာ ရှိကြောင်း၊ သူတို့ရောက်သွားတဲ့အချိန်မှာ စျေးဆိုင်ရှင်နဲ့ ရပ်ကွက်လုံခြံုရေးအဖွဲ့သားတွေက အရက်မူးနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားစိုင်းနွဲ့ ( အသက် ၃၇ ) နှစ်ကို ဖမ်းဆီးထားပြီး တာဝန်ရှိသူတွေကို စောင့်ဆိုင်းနေကြတယ်လို့ ဆိုပါတယ်။

ယမန်နေ့ညက စျေးဆိုင်အနီးရှိ မန်ကျည်းပင်အောက်မှာ အမျိုးသမီးတဦးကို လူတစုဝိုင်းနေ တာတွေ့လို့ ၀င်ရောက်သွားစဉ် အမျိုးသားတွေထွက်ပြေးကုန်ကြောင်း၊ အသက် ၂၅ နှစ်ရွယ် အမေရိကန်သူ အမျိုးသမီးတဦးက မတရားကျင့်ခံရကြောင်း တိုင်ကြားတဲ့အတွက် ထွက်ပြေး သူတွေကိုလိုက်လံဖမ်းဆီးရာမှာ တဦးသာဖမ်းမိပြီး ကျန်တဲ့ နှစ်ဦးထွက်ပြေးလွတ်မြောက်သွား တယ်လို့ ရပ်ကွက်လုံခြံုရေးက တာဝန်ရှိသူတွေကို ပြောပါတယ်။

ရဲတပ်ဖွဲ့က စိုင်းနွဲ့ကိုဖမ်းဆီးထားပြီး ကျန်တဲ့အပေါင်းပါတွေကို လိုက်လံရှာဖွေရာမှာ မနက် ၁ နာရီ ခွဲလောက်မှာတော့ ဆောက်လုပ်ရေးအလုပ်သမားတန်းလျားဆီ ပြန်ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား နိုင်းဒမ် (၂၂ နှစ်)နဲ့ နိုင်းဒဲန် (၂၂ နှစ်) တို့ ကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထားသူတွေကို အမေရိကန်အမျိုးသမီးအား ပြသရာမှာ သူမက သူတို့ ၃ ဦးလုံး ယမန်နေ့ညက သူမကို မုဒိမ်းကျင့်ခဲ့တဲ့သူတွေ ဟုတ်မှန်ကြောင်းပြောပါတယ်။

သူတို့ထဲက နိုင်းဒမ်ဆိုသူရဲ့ ပြောပြချက်မှာတော့ သူတို့ဟာ အဆိုပါအမေရိကန်သူကို မုဒိမ်းကျင့်တာ မဟုတ်ရကြောင်း၊ ယမန်နေ့ညက အဲဒီနားက အိမ်ဆိုင်မှာ သူတို့ ၃ ဦးရော၊ အမေရိကန်သူနဲ့ နိုင်ငံခြားသား အမျိုးသားတဦးပါ အရက်ဝိုင်းသောက်နေကြကြောင်း၊ အားလုံးဟာ မူးယစ်နေကြပြီး အမေရိကန်သူက သူတို့ကို အထာပေးနေသလို သူနဲ့လိုက်ပါလာတဲ့ အမျိုးသားကလည်း ဘာမှဝန်တိုရန်လိုဟန်မပြဘူးလို့ ပြောပါတယ်။

ဒါကြောင့် ဘောင်းဘီတိုပြတ်ဝတ်ဆင်ထားတဲ့ အမျိုးသမီးကို ကိုင်တွယ်ရိပါးခဲ့ကြကြောင်း၊ အမျိုးသမီးကအပေ့ါသွားဖို့ နောက်ဘက်ထွက်သွားစဉ် သူတို့လည်း အနောက်ကလိုက်လာခဲ့ပြီး အမှောင်တနေရာရောက်တော့ အနီးရှိမန်ကျည်းပင်အောက်ကို ဆွဲခေါ်ကာ တလှည့်စီ လိင်ဆက်ဆံခဲ့ကြောင်း၊ သူတို့ပြုမူတာတွေကို အမျိုးသမီးက ဘာမှတုံ့ပြန်ငြင်းဆန်မှုမပြုကြောင်း၊ ဒါပေမယ့် ကျေးရွာလုံုခြံုရေးအဖွဲ့တွေက လက်နှိပ်ဓာတ်မီးထိုးပြီး ၀င်ရောက်လာတဲ့အခါမှာ အမျိုးသမီးက အော်လိုက်သလို သူတို့လည်း ထွက်ပြေးခဲ့ကြကြောင်း၊ နိုင်းနွဲ့က အရင်ဆုံး အဖမ်းခံရပြီး သူတို့က နောက်မှ အဖမ်းခံရတာလို့ ထွက်ဆိုသွားပါတယ်။

ဒီကနေ့ မနက် မိုးလင်းတဲ့ခါမှာတော့ တာဝန်ရှိသူတွေက သူတို့ ၃ ဦးစလုံးကို အခင်းဖြစ်ပွားရာ နေရာသို့ ပြန်လည်ခေါ်ဆောင်လာပြီး ယမန်နေ့ညက လုပ်ဆောင်ချက်တွေကို ပြန်လည်သရုပ်ပြခိုင်းခဲ့ပါတယ်။

Credit - DVB Burmese