MASIGNALPHA101

ေဆးေလာကကိုေျခာက္ျခားေစခဲ့တဲ့ ကမာၻေက်ာ္ျဖစ္ရပ္

 ေဆးေလာကကိုေျခာက္ျခားေစခဲ့တဲ့ ကမာၻေက်ာ္ျဖစ္ရပ္
Saturday, April 7, 2018


ဦးေႏွာက္ပ်က္စီးသြားေပမယ့္ မေသပဲ ေနာက္ဘ၀ေျပာင္းခဲ့သူ (သုိ႔) ေဆးေလာက ကိုေျခာက္ျခားေစခဲ့တဲ့ ကမာၻေက်ာ္ျဖစ္ရပ္

ဒီျဖစ္ရပ္ကေတာ့ ၁၈၄၈ခုႏွစ္ စက္တင္ဘာ ၁၃ရက္ေန႔ ညေန ၄နာရီခြဲ က အေမရိကန္ Cavendish ဗားေမာင့္ျပည္နယ္မွာျဖစ္ပြားခဲ့တာပါ။ အသက္ ၂၅ႏွစ္ အရြယ္ ဖီနာေဂ့ဆုိသူ မီးရထားအလုပ္ၾကပ္တစ္ဦးရဲ႕ ရွားရွားပါးပါးျဖစ္ရပ္တစ္ခုပါ။ အဲဒီေန႔က ေဂ့ဟာ ရထားလမ္းတုိးခ်ဲ႔ဖုိ႔အတြက္ ေက်ာက္ေဆာင္တစ္ခုကုိ ေဖာက္ခြဲမႈတစ္ခုလုပ္ခဲ့ပါတယ္။ ဒီေနရာမွာ သံေခ်ာင္း( tamping iron) ၊ သဲ ၊ ရြံ႕ေစး နဲ႔ ယမ္းေတြကို အသုံးျပခဲ့ရပါတယ္။ ဒါေပမယ့္ အသုံးျပဳပုံမွားယြင္းခဲ့တာေၾကာင့္ မေတာ္တဆေပါက္ကြဲမႈျဖစ္ခဲ့ၿပီး သံေခ်ာင္းဟာ ေဂ့ရဲ႕ဦးေခါင္းကိုေဖာက္ထြင္းသြားပါတယ္။ ျပင္းထန္လြန္းတဲ့အရွိန္ေၾကာင့္ သံေခ်ာင္းတန္းလန္းနဲ႔ ေဂ့ဟာ ေပေပါင္းမ်ားစြာ လြင့္စင္သြားခဲ့ၿပီး တစ္ကုိယ္လုံး တဆတ္ဆတ္တုန္ေနခဲ့ပါတယ္။ သံေခ်ာင္းရဲ႕ အရွည္က ၃ေပ ၇လက္မရွိၿပီး အခ်င္းက ၁.၂၅လက္္မ ရွိပါတယ္။ အနားမွာရွိတဲ့ က်န္ရထားလမ္း၀န္ထမ္းေတြက ေဂ့ ခ်က္ခ်င္ေသဆုံးသြားၿပီလုိ႔ ထင္လုိက္ၾကပါတယ္။သံေခ်ာင္းဟာ ေဂ့ရဲ႕မ်က္စိတစ္ဖက္ကိုသာမက ဦးေႏွာက္တစ္ျခမ္းလုံးကိုပါ ဖ်က္စီးသြားခဲ့တာပါ။ ႀကဳိးစားကုသခဲ့တဲ့ဆရာ၀န္မ်ားကုိယ္တုိင္ ျပင္းထန္လြန္းတဲ့ဒါဏ္ရာေၾကာင့္ ေဂ့အတြက္ ရွင္သန္ဖုိ႔မျဖစ္ႏုိင္ေတာ့ဘူးလုိ႔ သတ္မွတ္လုိက္ၾကပါတယ္။ ဒါေပမယ့္ အသက္ျပင္းလြန္းတဲ့ေဂ့မေသခဲ့ပါဘူး။ လအနည္းငယ္အၾကာမွာ ပုံမွန္လူတစ္ေယာက္လုိ ျပန္ေကာင္းလာခဲ့ပါတယ္။ ဦးေႏွာက္ေရွ႕ပုိင္းတစ္ျခမ္းလုံးပ်က္စီးသြားခဲ့ေပမယ့္ မေသခဲ့တဲ့ေဂ့ဟာ ေဆးေလာကအတြက္ အံၾသဖြယ္လူသားျဖစ္ပါတယ္။ ဒီမေတာ္တဆျဖစ္ရပ္မွာ အသက္ျပင္းလြန္းတဲ့ေဂ့ဟာ နာမည္ႀကီးသြားခဲ့ပါတယ္။

ဒါေပမယ့္ ေဂ့ဟာ အရင္ေဂ့မဟုတ္ေတာ့ပါဘူး။ ဦးေႏွာက္ထိခုိက္ခဲ့ေပမယ့္ အားလုံးကုိ မွတ္မိေနခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ အမူအက်င့္ စိတ္ပိုင္းဆုိင္ရာအားလုံးက ဆန္႔က်င္ဘက္ေတြျဖစ္ကုန္ပါတယ္။ အရင္ေဂ့ကုိ သိသူအားလုံးက ေဂ့ ေနာက္ဘ၀သစ္တစ္ခုျဖစ္သြားၿပီ လုိ႔ သတ္မွတ္လုိက္ၾကပါတယ္။ အရင္ကေဂ့ဟာ ရုိးသားသူ ၊ အလုပ္ႀကဳိးစားသူ ၊ သစၥာရွိသူ ၊ ေဖာ္ေရႊခ်င္ခင္တတ္သူ ၊ စိတ္ထားေကာင္းသူ ျဖစ္ေပမယ့္ ဒါဏ္ရာက သက္သာလာခဲ့တဲ့ ေဂ့ကေတာ့ စိတ္ထားယုတ္ညံ့သူ ၊ ေဒါသႀကီးတတ္သူ ၊ အလုပ္ကုိေရွာင္ကြင္းတတ္သူ ျဖစ္သြားပါေတာ့တယ္။ ဒါေၾကာင့္လည္း အလုပ္က မၾကာခဏရပ္စဲခံရသလုိ ေနာက္ပုိင္းလုံး၀လက္မခံေတာ့တဲ့အထိ ျဖစ္ခဲ့ပါတယ္။ အလုပ္ကလက္မခံခဲ့တာေၾကာင့္ ေဂ့ဟာ ခ်ီလီကုိသြားကာ ရထားလုံးေမာင္းသမား အလုပ္ကုိလုပ္ခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ ဆန္ဖရန္စၥကိုက ေဆြမ်ဳိးေတြရွိရာကုိျပန္လာရင္း ၁၈၆၀ မွာ ကြယ္လြန္ခဲ့ပါတယ္။ မေတာ္တဆမႈျဖစ္ၿပီး ၁၂ႏွစ္ၾကာမွ ကြယ္လြန္ခဲ့တာပဲျဖစ္ပါတယ္။

ဦးေႏွာက္ထိခုိက္မႈဟာ လူရဲ႕ကိုယ္ရည္ကုိယ္ေသြးနဲ႔ အမူအက်င့္ေတြကိုေျပာင္းလဲေစႏုိင္တယ္ဆုိတာကုိ ေဂ့ရဲ႕ျဖစ္ရပ္ကတစ္ဆင့္ အာရုံေၾကာဆရာ၀န္ေတြက သိသြားခဲ့ၾကပါတယ္။ ေဂ့ကြယ္လြန္ၿပီးတဲ့ေနာက္မွာ ဆရာ၀န္မ်ားဟာ ေဂ့ရဲ႕အေလာင္းကို တူးေဖာ္ၿပီး စစ္ေဆးမႈေတြျပဳလုပ္ခဲ့ၾကပါတယ္။ အားလုံးနီးပါးပ်က္စီးသြားတဲ့ဦးေႏွာက္တစ္ခုဟာ ဘယ္လုိအလုပ္လုပ္ခဲ့သလဲ ဆုိတဲ့အေၾကာင္းကို သိခ်င္ၾကလုိ႔ပါ။ အဲဒီေနာက္ေတာ့ ေဂ့ရဲ႕ဦးေခါင္းခြံကုိ ဟားဗတ္တကၠသုိလ္မွာ ေဆးစိမ္ထားခဲ့သလုိ အုိင္အုိ၀ါတကၠသုိလ္က ဦးေႏွာက္နဲ႔အာရုံေၾကာဆုိင္ရာ ေဆးပညာရွင္မ်ားက ေဂ့ရဲ႕ဦးေခါင္းခြံကုိ ကြန္ပ်ဴတာဂရပ္ဖစ္ အသုံးျပဳ၍ အားလုံးေလ့လာႏုိင္ရန္ မွတ္တမ္းတင္ထားခဲ့ပါတယ္။ ဦးေႏွာက္ပ်က္စီးသြားေပမယ့္ မေသပဲ ေနာက္ဘ၀ေျပာင္းခဲ့သူ (သုိ႔) ေဆးေလာက ကိုေျခာက္ျခားေစခဲ့တဲ့ ကမာၻေက်ာ္ျဖစ္ရပ္ တစ္ခုျဖစ္ခဲ့ေတာ့တယ္။

Credit: thuthazone

==========

Unicode

ဦးနှောက်ပျက်စီးသွားပေမယ့် မသေပဲ နောက်ဘဝပြောင်းခဲ့သူ (သို့) ဆေးလောက ကိုခြောက်ခြားစေခဲ့တဲ့ ကမ္ဘာကျော်ဖြစ်ရပ်

ဒီဖြစ်ရပ်ကတော့ ၁၈၄၈ခုနှစ် စက်တင်ဘာ ၁၃ရက်နေ့ ညနေ ၄နာရီခွဲ က အမေရိကန် Cavendish ဗားမောင့်ပြည်နယ်မှာဖြစ်ပွားခဲ့တာပါ။ အသက် ၂၅နှစ် အရွယ် ဖီနာဂေ့ဆိုသူ မီးရထားအလုပ်ကြပ်တစ်ဦးရဲ့ ရှားရှားပါးပါးဖြစ်ရပ်တစ်ခုပါ။ အဲဒီနေ့က ဂေ့ဟာ ရထားလမ်းတိုးချဲ့ဖို့အတွက် ကျောက်ဆောင်တစ်ခုကို ဖောက်ခွဲမှုတစ်ခုလုပ်ခဲ့ပါတယ်။ ဒီနေရာမှာ သံချောင်း( tamping iron) ၊ သဲ ၊ ရွံ့စေး နဲ့ ယမ်းတွေကို အသုံးပြခဲ့ရပါတယ်။ ဒါပေမယ့် အသုံးပြုပုံမှားယွင်းခဲ့တာကြောင့် မတော်တဆပေါက်ကွဲမှုဖြစ်ခဲ့ပြီး သံချောင်းဟာ ဂေ့ရဲ့ဦးခေါင်းကိုဖောက်ထွင်းသွားပါတယ်။ ပြင်းထန်လွန်းတဲ့အရှိန်ကြောင့် သံချောင်းတန်းလန်းနဲ့ ဂေ့ဟာ ပေပေါင်းများစွာ လွင့်စင်သွားခဲ့ပြီး တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေခဲ့ပါတယ်။ သံချောင်းရဲ့ အရှည်က ၃ပေ ရလက်မရှိပြီး အချင်းက ၁.၂၅လက််မ ရှိပါတယ်။ အနားမှာရှိတဲ့ ကျန်ရထားလမ်းဝန်ထမ်းတွေက ဂေ့ ချက်ချင်သေဆုံးသွားပြီလို့ ထင်လိုက်ကြပါတယ်။သံချောင်းဟာ ဂေ့ရဲ့မျက်စိတစ်ဖက်ကိုသာမက ဦးနှောက်တစ်ခြမ်းလုံးကိုပါ ဖျက်စီးသွားခဲ့တာပါ။ ကြိုးစားကုသခဲ့တဲ့ဆရာဝန်များကိုယ်တိုင် ပြင်းထန်လွန်းတဲ့ဒါဏ်ရာကြောင့် ဂေ့အတွက် ရှင်သန်ဖို့မဖြစ်နိုင်တော့ဘူးလို့ သတ်မှတ်လိုက်ကြပါတယ်။ ဒါပေမယ့် အသက်ပြင်းလွန်းတဲ့ဂေ့မသေခဲ့ပါဘူး။ လအနည်းငယ်အကြာမှာ ပုံမှန်လူတစ်ယောက်လို ပြန်ကောင်းလာခဲ့ပါတယ်။ ဦးနှောက်ရှေ့ပိုင်းတစ်ခြမ်းလုံးပျက်စီးသွားခဲ့ပေမယ့် မသေခဲ့တဲ့ဂေ့ဟာ ဆေးလောကအတွက် အံသြဖွယ်လူသားဖြစ်ပါတယ်။ ဒီမတော်တဆဖြစ်ရပ်မှာ အသက်ပြင်းလွန်းတဲ့ဂေ့ဟာ နာမည်ကြီးသွားခဲ့ပါတယ်။

ဒါပေမယ့် ဂေ့ဟာ အရင်ဂေ့မဟုတ်တော့ပါဘူး။ ဦးနှောက်ထိခိုက်ခဲ့ပေမယ့် အားလုံးကို မှတ်မိနေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အမူအကျင့် စိတ်ပိုင်းဆိုင်ရာအားလုံးက ဆန့်ကျင်ဘက်တွေဖြစ်ကုန်ပါတယ်။ အရင်ဂေ့ကို သိသူအားလုံးက ဂေ့ နောက်ဘဝသစ်တစ်ခုဖြစ်သွားပြီ လို့ သတ်မှတ်လိုက်ကြပါတယ်။ အရင်ကဂေ့ဟာ ရိုးသားသူ ၊ အလုပ်ကြိုးစားသူ ၊ သစ္စာရှိသူ ၊ ဖော်ရွှေချင်ခင်တတ်သူ ၊ စိတ်ထားကောင်းသူ ဖြစ်ပေမယ့် ဒါဏ်ရာက သက်သာလာခဲ့တဲ့ ဂေ့ကတော့ စိတ်ထားယုတ်ညံ့သူ ၊ ဒေါသကြီးတတ်သူ ၊ အလုပ်ကိုရှောင်ကွင်းတတ်သူ ဖြစ်သွားပါတော့တယ်။ ဒါကြောင့်လည်း အလုပ်က မကြာခဏရပ်စဲခံရသလို နောက်ပိုင်းလုံးဝလက်မခံတော့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ အလုပ်ကလက်မခံခဲ့တာကြောင့် ဂေ့ဟာ ချီလီကိုသွားကာ ရထားလုံးမောင်းသမား အလုပ်ကိုလုပ်ခဲ့ပါတယ်။ အဲဒီနောက်တော့ ဆန်ဖရန်စ္စကိုက ဆွေမျိုးတွေရှိရာကိုပြန်လာရင်း ၁၈၆၀ မှာ ကွယ်လွန်ခဲ့ပါတယ်။ မတော်တဆမှုဖြစ်ပြီး ၁၂နှစ်ကြာမှ ကွယ်လွန်ခဲ့တာပဲဖြစ်ပါတယ်။

ဦးနှောက်ထိခိုက်မှုဟာ လူရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ အမူအကျင့်တွေကိုပြောင်းလဲစေနိုင်တယ်ဆိုတာကို ဂေ့ရဲ့ဖြစ်ရပ်ကတစ်ဆင့် အာရုံကြောဆရာဝန်တွေက သိသွားခဲ့ကြပါတယ်။ ဂေ့ကွယ်လွန်ပြီးတဲ့နောက်မှာ ဆရာဝန်များဟာ ဂေ့ရဲ့အလောင်းကို တူးဖော်ပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ အားလုံးနီးပါးပျက်စီးသွားတဲ့ဦးနှောက်တစ်ခုဟာ ဘယ်လိုအလုပ်လုပ်ခဲ့သလဲ ဆိုတဲ့အကြောင်းကို သိချင်ကြလို့ပါ။ အဲဒီနောက်တော့ ဂေ့ရဲ့ဦးခေါင်းခွံကို ဟားဗတ်တက္ကသိုလ်မှာ ဆေးစိမ်ထားခဲ့သလို အိုင်အို၀ါတက္ကသိုလ်က ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ဆေးပညာရှင်များက ဂေ့ရဲ့ဦးခေါင်းခွံကို ကွန်ပျူတာဂရပ်ဖစ် အသုံးပြု၍ အားလုံးလေ့လာနိုင်ရန် မှတ်တမ်းတင်ထားခဲ့ပါတယ်။ ဦးနှောက်ပျက်စီးသွားပေမယ့် မသေပဲ နောက်ဘဝပြောင်းခဲ့သူ (သို့) ဆေးလောက ကိုခြောက်ခြားစေခဲ့တဲ့ ကမ္ဘာကျော်ဖြစ်ရပ် တစ်ခုဖြစ်ခဲ့တော့တယ်။

Credit: thuthazone