MASIGNALPHA101

ကလေးဌားရမ်းခ တစ်နေ့ ၃၀၀၀, ကလေးလေးကို အငိုအရီမရှိ အိပ်မြဲအိပ်နေအောင် ဆေးတိုက်အဝတ်နဲ့ထုတ်

ကလေးဌားရမ်းခ တစ်နေ့ ၃၀၀၀, ကလေးလေးကို အငိုအရီမရှိ အိပ်မြဲအိပ်နေအောင် ဆေးတိုက်အဝတ်နဲ့ထုတ်
Saturday, April 7, 2018


ကလေးဌားရမ်းခ တစ်နေ့ ၃၀၀၀ နောက်ပိုင်း တစ်နေ့ ၇၀၀၀ ခုတော့ ဘယ်ဈေးပေါက်နေပြီလဲ မမေးမိ


ကလေးခဗျာလူကြီးတောင် မခံနိုင်တဲ့ နေပူလေပူ ဖုန်သဲထူထူမှာ လူသားတန်ဖိုးကင်းမဲ့စွာ









မိဘရင်းကိုယ်တိုင် ကလေးနဲ့ ထိုင်တောင်းနေတာကို မေးကြည့်လိုက်ရင် တချို့ က ဥာဏ်ရည်တဆင်နိမ့် – ကြပ်မပြည့်








ကလေးကို လမ်းဘေးချ လူမဆန်စျွာတာင်းရမ်းနေတာတွေ့ ရင် တယောက်တခွန်း ၀ိုင်းအော် ၀ိုင်းပြောဖို့ ပါပဲ








ပိုက်ဆံ ၂၀၀ လောက်လှူရုံနဲ့ ကလေးတွေဘ၀ကို ကယ်လို့ မရ ကလေးနဲ့ တောင်းစားသူမှန်သမျှကို










ဖိုးဇော်

09795405022

=========

Unicode

ကလေးဌားရမ်းခ တစ်နေ ့၃၀၀၀ နောက်ပိုင်း တစ်နေ ့ရ၀၀၀ ခုတော့ ဘယ်စျေးပေါက်နေပြီလဲ မမေးမိ

ကလေးကို အဝတ်နဲ ့ထုတ် ဆေးတမျိုးတိုက် – နေပူပူမိုးရွာရွာ ကလေးဟာ အငိုအရီ မရှိ- အိပ်မြဲအိပ်လျှက် –

ကလေးခဗျာလူကြီးတောင် မခံနိူင်တဲ့ နေပူလေပူ ဖုန်သဲထူထူမှာ လူသားတန်ဖိုးကင်းမဲ့စွာ

အသက်တန်ဖိုး ကင်းမဲ့စွာ အနာဂတ်ကင်းမဲ့စွာ – အသုံးချခံ ခိုင်းစားခံနေရတယ်

အဲ့ကလေးတွေဟာ ခိုးယူခဲ့တဲ့ကလေးတွေလား မိဘရင်း ကိုယ်တိုင် ဌားလိုက်တာလား

အချင်းချင်း လက်ပြောင်း ဌားရမ်း နေတဲ့ ကလေးတွေကရော ဘယ်ကရခဲ့တဲ့ ကလေးတွေလဲ

ပလက်ဖောင်းပေါ်အမြဲတမ်းအိပ်နေတဲ့ ဒီကလေးတွေ မဖျားမနာမသေတော့ဘူးလား

ဘာအပြစ်မှ မရှိသေးတဲ့ကလေးငယ်တွေဟာ လူမဆန်သူတွေရဲ့ ထင်ရာစိုင်း လုပ်သမျှကို လည်စင်းခံနေရမှာလား

ဆက်ပြီးစဉ်းစားရင် တကယ့်ကြောက်စရာကြီးပါ



မိဘရင်းကိုယ်တိုင် ကလေးနဲ ့ထိုင်တောင်းနေတာကို မေးကြည့်လိုက်ရင် တချို ့က ဉာဏ်ရည်တဆင်နိမ့် – ကြပ်မပြည့်

ကြပ်ပြည့်တဲ့ မိခင်ကျတော့ တောင်းလို ့ရလာတဲ့ ငွေတွေကို နေ ့ပြန်တိုးတောင်ပြန်ချေးဌား လုပ်စားလိုက်သေးတယ်

ကလေးနဲ ့ထိုင်တောင်းသူ ၈၀ % ဟာ မိခင်အရင်း မဟုတ်ကြ- သူတို ့လက်ထဲက ကလေး ဘယ်ကရလာလဲတောင်

မသိကြ- သူတို ့ကို ဦးဆောင်တဲ့ ဆရာကြီးတွေရဲ့ စီစဉ်မှု အဲ့ဆရာကြီးအဆင့် ဆိုသူတွေနဲ ့တော့

၂ ခါထက်မနည်း ထိပ်တိုက်တိုးဖူးတယ် စကားပြောအေးစက်ပြီး ဓားနဲ ့ထိုးရမလား တုတ်နဲ ့ရိုက်ရမလား အဆင်သင့် ဖြစ်နေပုံ

တွေ ့ရတယ်- သူ ့အပြောက သူကတောင် ကယ်တင်ရှင် ကျေးဇူးရှင် ဒီလိုမှ သူမလုပ်ပေးရင် ဒီကလေးနဲ ့

ဒီလူတွေ ငတ်သေတော့မယ့် ပုံစံမျိုးပြောရှာတယ်- အပြောကောင်းလွန်းလို ့ကိုယ်တောင် သူ ့သနားပြီး

၀င်သူတောင်းစား လုပ်ပေးရမယ့်သဘော ဒီလိုအဆင့်ကို ရှင်းဖို ့က ရဲ ပါမှရမယ် ရဲမပါဘဲ လူတိုင်းလုပ်လို ့ရတာကတော့

ကလေးကို လမ်းဘေးချ လူမဆန်စွာ ျတာင်းရမ်းနေတာတွေ ့ရင် တယောက်တခွန်း ၀ိုင်းအော် ၀ိုင်းပြောဖို ့ပါပဲ

လမ်းသွားလမ်းလာပြည်သူတိုင်းတက်ညီလက်ညီ ၀ိုင်းအော် ၀ိုင်းပြောကြရင် ကလေးကို အသုံးချ တောင်းရမ်း

နေမှုတွေ ပပျောက်သွားမှာပါ ကလေးဗန်းပြ လုပ်စားလို ့မရတော့ရင် ကလေးခိုးယူမှု- ဌားရမ်းမှုတွေလဲ

ပပျောက်သွားပါလိမ့်မယ် နေပူလေပူပလက်ဖောင်းထက်မှာ ဆေးတိုက်ချထားခံရတဲ့ ကလေးတွေရဲ့

ဘဝကိုလဲ ကယ်တင်ပြီးသားဖြစ်ပါလိမ့်မယ် ဘာမှမခက်ပါဘူး ကျွန်တော်တို ့ညီဖို ့ပါ

ကလေးတွေကို သနားရင် အားလုံး ၀ိုင်းဝန်းလုပ်ဆောင်ပေးကြပါ



ပိုက်ဆံ ၂၀၀ လောက်လှူရုံနဲ ့ကလေးတွေဘဝကို ကယ်လ်ုိ ့မရ ကလေးနဲ ့တောင်းစားသူမှန်သမျှကို

၀ိုင်းအော်ဝိုင်းပြောခြင်းကသာ သူတို ့လက်ထဲက ကလေးရော နောက် သူတောင်းစားဘဝ သွတ်သွင်း

ခံရအုံးမယ့် ကလေးတွေဘဝကိုရော ကယ်တင်ပြီးသား ဖြစ်ပါလိမ့်မယ်



အားလုံးသော မိဘများ အားလုံးသော စာနာငဲ့ညှာတတ်သူများ ကလေးချစ်သူများ ၀ိုင်းဝန်းလုပ်ဆောင် ပေးကြပါ



ဘဝများစွာ မိသားစုများစွာငြိမ်းချမ်းသာယာ ရှိကြပါစေ ကလေးစွန် ့ပစ်ထားကြောင်း

တွေ ့ရှိပါလျှင် ချက်ချင်း ဆက်သွယ်ပေးပါရန်

ဖိုးဇော်

09795405022