MASIGNALPHA101

မိမိကိုယ်တိုင် ဒီလိုလှူနေရင်ပြင်ပါ။ အခြားသူများကိုလည်း ဒီလိုလှူရင် ပြောပြပေးကြပါ။

မိမိကိုယ်တိုင် ဒီလိုလှူနေရင်ပြင်ပါ။ အခြားသူများကိုလည်း ဒီလိုလှူရင် ပြောပြပေးကြပါ။
Monday, April 9, 2018


ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်ပါတယ်။

ဆရာတော်ကြီးတွေပြောကုန်ပြီ

ဒိဋ္ဌဓမ္မကံ ထိုက်လိမ့်မယ်တဲ့။

မခွဲမစိတ်ပါဘဲ သစ်သီးတွေရက်ရှည် ဘုရားရှေ့လှူလို့မထိုက်ပါဘူး။

သတိထားစရာပါ၊ ကုသိုလ်မရရင်နေပါစေ

အကုသိုလ်ကံတော့ အဖြစ်မခံနိုင်ပါ။


သာသနာ နှင့် ကန်တော့ပွဲ

ကျွန်ုပ် = ဒကာ အဲ့ဒါ ဘာလုပ်ဖို့လဲ ။

ဒကာ = ကန်တော့ပွဲ ဘုရား ။

ကျွန်ုပ် = ကန်တော့ပွဲတော့ ကျုပ်လည်း

မြင်တာပေါ့ ၊ ဘာလုပ်ဖို့လဲလို့

မေးတာ ဒကာရဲ့။

ဒကာ = “သာသနာပွဲ”လေ ၊ ဘုရားရှေ့မှာ

ထားမလို့ဘုရား ။

ကျွန်ုပ် = ဒါဆို မထားနဲ့ ၊ ပြန်ယူသွားတော့ ။

“သာသနာ”ဆိုတာ အဆုံးအမကို

ပြောတာ ။ “သာသနာ”ကို လေးစားရင်

ဘုရားအဆုံးအမအတိုင်းနေ ။

ဒကာ = လူကြီးတွေက ထားခိုင်းလို့ပါ ဘုရား ။

ကျွန်ုပ် = အဲဒီလူကြီးဆိုတဲ့ လူကြီးတွေကိုပြောလိုက်ပါ ။

တို့ဘုရားက ညနေစာ မဘုဉ်းပေးဘူး ။

အုန်းသီး ၊ ငှက်ပျောသီးဆိုတာ

စားစရာတွေဖြစ်တဲ့အတွက်

ဘုရားရှေ့မှာ ရက်ရှည်လများ အကြားကြီး မထားနဲ့ ။

လုံးဝမသင့်တော်ဘူး ။ အားလုံး”ဒိဋ္ဌဓမ္မကံ”တွေ ထိုက်ကုန်လိမ့်မယ်လို့ ။

ဒကာ = တင်ပ တပည့်တော် ပြန်ပြောလိုက်ပါ့မယ် ဘုရား ။

ဦးဇောတိက(ဓမ္မသုခ)

(28 – 1 – 2018)

မူရင်းရေးသားတင်ပြသူများကို လေးစားစွာ Credit ပေးပါသည်။

လူကြီးလူငယ်တိုင်း အတွက် ဗဟုသုတရစေမယ့် အကြောင်းအရာတွေကို ဦးစားပေးပြီး တင်ပြပေးနေတဲ့ #ApannPyay ပေ့ထဲကို ၀င်ရောက်လေ့လာပြီး နှစ်သက်တယ်ဆိုရင် See Frist လုပ်ထားပေးနော်..။

အားပေးခြင်းကို လေးလေးစားစား ကျေးဇူးတင်ရှိပါသည်။
.
#ApannPyay #ဗဟုသုတပြတိုက်