MASIGNALPHA101

လွလြန္းလုိ႔ သူခုိးလုိ႔မထင္ရေပမယ့္ CCTV သက္ေသနဲ႔အတူ ဖမ္းခံလုိက္ရတဲ့ ေကာင္မေလး

လွလြန္းလုိ႔ သူခုိးလုိ႔မထင္ရေပမယ့္ CCTV သက္ေသနဲ႔အတူ ဖမ္းခံလုိက္ရတဲ့ ေကာင္မေလး
Thursday, March 1, 2018


ဖိလစ္ပုိင္ႏုိင္ငံ Mandaue, Cebu မွာ ေနထုိင္တဲ့ Jobelle လုိ႔ အမည္ရတဲ့ အသက္ 19 ႏွစ္အရြယ္ ေကာင္မေလးဟာ သူမရဲ႕ လက္ရွိ ႐ုပ္သြင္အလွအပေၾကာင့္ ဘယ္သူမွ သူခုိးလုိ႔ ထင္မွာမဟုတ္ပါဘူး။ ဒါေပမယ့္ Jobelle ဟာ အင္တာနက္ လူမႈကြန္ယက္ေတြနဲ႔ CCTV ဗြီဒီယုိေတြကေန သတင္းအခ်က္အလက္ေတြ ရယူၿပီး ခုိးမႈေတြ က်ဴးလြန္ခဲ့ပါတယ္။

Jobelle ဟာ 2014 ခုႏွစ္ ၾသဂုတ္လ 12 ရက္ေန႔မွာ အလွကုန္ပစၥည္းဆုိင္တစ္ခုကို ေစ်း၀ယ္ခ်င္ေယာင္ေဆာင္ ၀င္ေရာက္ခဲ့ၿပီး အေမရိကန္ ေဒၚလာ 200 ေက်ာ္တန္ဖုိးရွိ ပစၥည္းေတြ ခပ္တည္တည္ ၀င္ေရာက္ ယူေဆာင္ခဲ့ပါတယ္။ ဆုိင္ပုိင္ရွင္က CCTV မွတ္တမ္းကုိ ရဲတပ္ဖြဲ႕ထံ အပ္ႏွံခဲ့ၿပီး ေနာက္ဆုံးမွာ Jobelle ကို ဖမ္းဆီးနုိင္ခဲ့ပါတယ္။

နီးစပ္သူတစ္ေယာက္ရဲ႕ အဆုိအရ သူမဟာ လွပလြန္းတဲ့ ႐ုပ္ရွည္နဲ႔ လူေတြကို ၾကာရွည္လွည့္စားႏုိင္ခဲ့တယ္လုိ႔ ဆုိပါတယ္။ Jobelle ျပဳလုပ္တဲ့ ပုံစံကလည္း ႐ုိးရွင္းလွၿပီး၊ ပိရိေသသပ္ပါတယ္။ သူမဟာ ဆုိင္ထဲကုိ ၀င္ၿပီး၊ ဆုိင္မွာေရာင္းတဲ့ ၀တ္စုံေတြကို စမ္းၿပီး ၀တ္ၾကည့္တာလုိလုိနဲ႔ အ၀တ္အစားေတြကို ျပန္မခၽြတ္ပဲ ခပ္တည္တည္ ထြက္သြားခဲ့တာ ျဖစ္ပါတယ္။



ဒါေပမယ့္ မပိရိတဲ့ အခ်က္ကေတာ့ သူမ ၀တ္ခဲ့တဲ့ အ၀တ္ေဟာင္းေတြထဲမွာ သူနရဲ႕ နာမည္နဲ႔အတူ စက္ေလွလက္မွတ္တစ္ေစာင္လည္း က်န္ေနခဲ့ပါတယ္။ ဒါဟာ ရဲတပ္ဖြဲ႕၀င္ေတြအတြက္ အေကာင္းဆုံး ေျခရာခံႏုိင္ဖုိ႔ သတင္းအခ်က္အလက္ ျဖစ္ေနခဲ့ပါတယ္။

သေဘာေကာင္းတဲ့ ဆုိင္ပုိင္ရွင္ Jessa Romagos က အမႈမဖြင့္ေသးဘဲ ဆုိင္ကုိ ျပန္လာၿပီး ပစၥည္းေတြ ေပးဖုိ႔ ညႇိႏႈိင္းခဲ့ပါတယ္။ ဒါေပမယ့္ Jobelle က ျငင္းဆန္ခဲ့ၿပီး သူမက က်သင့္ေငြေတြအကုန္ ရွင္းလင္းခဲ့ၿပီးျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။


ေနာက္ဆုံး CCTV သက္ေသနဲ႔တကြ သူမ ထားရွိခဲ့တဲ့ အ၀တ္အစားနဲ႔ စက္ေလွလက္မွတ္ကို ရဲတပ္ဖြဲ႕ဆီ သက္ေသအျဖစ္ အပ္ႏွံခံခဲ့ရပါတယ္။ အဲဒီေနာက္ Jobelle ကို ရဲတပ္ဖြဲ႕က အလစ္သုတ္မႈနဲ႔ ဖမ္းဆီးခဲ့ပါတယ္။

source : viral4real.com





Unicode

ဖိလစ်ပိုင်နိုင်ငံ Mandaue, Cebu မှာ နေထိုင်တဲ့ Jobelle လို့ အမည်ရတဲ့ အသက် 19 နှစ်အရွယ် ကောင်မလေးဟာ သူမရဲ့ လက်ရှိ ရုပ်သွင်အလှအပကြောင့် ဘယ်သူမှ သူခိုးလို့ ထင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် Jobelle ဟာ အင်တာနက် လူမှုကွန်ယက်တွေနဲ့ CCTV ဗွီဒီယိုတွေကနေ သတင်းအချက်အလက်တွေ ရယူပြီး ခိုးမှုတွေ ကျူးလွန်ခဲ့ပါတယ်။

Jobelle ဟာ 2014 ခုနှစ် သြဂုတ်လ 12 ရက်နေ့မှာ အလှကုန်ပစ္စည်းဆိုင်တစ်ခုကို စျေးဝယ်ချင်ယောင်ဆောင် ဝင်ရောက်ခဲ့ပြီး အမေရိကန် ဒေါ်လာ 200 ကျော်တန်ဖိုးရှိ ပစ္စည်းတွေ ခပ်တည်တည် ဝင်ရောက် ယူဆောင်ခဲ့ပါတယ်။ ဆိုင်ပိုင်ရှင်က CCTV မှတ်တမ်းကို ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ပြီး နောက်ဆုံးမှာ Jobelle ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

နီးစပ်သူတစ်ယောက်ရဲ့ အဆိုအရ သူမဟာ လှပလွန်းတဲ့ ရုပ်ရှည်နဲ့ လူတွေကို ကြာရှည်လှည့်စားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Jobelle ပြုလုပ်တဲ့ ပုံစံကလည်း ရိုးရှင်းလှပြီး၊ ပိရိသေသပ်ပါတယ်။ သူမဟာ ဆိုင်ထဲကို ဝင်ပြီး၊ ဆိုင်မှာရောင်းတဲ့ ဝတ်စုံတွေကို စမ်းပြီး ဝတ်ကြည့်တာလိုလိုနဲ့ အဝတ်အစားတွေကို ပြန်မချွတ်ပဲ ခပ်တည်တည် ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မပိရိတဲ့ အချက်ကတော့ သူမ ဝတ်ခဲ့တဲ့ အဝတ်ဟောင်းတွေထဲမှာ သူနရဲ့ နာမည်နဲ့အတူ စက်လှေလက်မှတ်တစ်စောင်လည်း ကျန်နေခဲ့ပါတယ်။ ဒါဟာ ရဲတပ်ဖွဲ့ဝင်တွေအတွက် အကောင်းဆုံး ခြေရာခံနိုင်ဖို့ သတင်းအချက်အလက် ဖြစ်နေခဲ့ပါတယ်။

သဘောကောင်းတဲ့ ဆိုင်ပိုင်ရှင် Jessa Romagos က အမှုမဖွင့်သေးဘဲ ဆိုင်ကို ပြန်လာပြီး ပစ္စည်းတွေ ပေးဖို့ ညှိနှိုင်းခဲ့ပါတယ်။ ဒါပေမယ့် Jobelle က ငြင်းဆန်ခဲ့ပြီး သူမက ကျသင့်ငွေတွေအကုန် ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း ပြောခဲ့ပါတယ်။
နောက်ဆုံး CCTV သက်သေနဲ့တကွ သူမ ထားရှိခဲ့တဲ့ အဝတ်အစားနဲ့ စက်လှေလက်မှတ်ကို ရဲတပ်ဖွဲ့ဆီ သက်သေအဖြစ် အပ်နှံခံခဲ့ရပါတယ်။ အဲဒီနောက် Jobelle ကို ရဲတပ်ဖွဲ့က အလစ်သုတ်မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။

source : viral4real.com