MASIGNALPHA101

အထူးကုဆရာဝန်ကြီးတွေပြပြီး ဆေးတွေစားလာတာ ၂ နှစ်ကျော် မပျောက်တဲ့ ဆီးချို သွေးချို တစ်လစွဲစွဲမြဲမြဲသောက်တာ ပျောက်ကင်းခဲ့တဲ့ အမေသိန်းရဲ့ကိုယ်တွေ့ဆေး

အထူးကုဆရာဝန်ကြီးတွေပြပြီး ဆေးတွေစားလာတာ ၂ နှစ်ကျော် မပျောက်တဲ့ ဆီးချို သွေးချို တစ်လစွဲစွဲမြဲမြဲသောက်တာ ပျောက်ကင်းခဲ့တဲ့ အမေသိန်းရဲ့ကိုယ်တွေ့ဆေး
Friday, March 2, 2018


“ဆီးချို သွေးချို ကာကွယ်ဖို့ အစွမ်းထက် သင်္ဘောသီးစိမ်းရေနွေး နေ့စဉ်သောက်ကြစို့”

ဆီးချို သွေးချို ကာကွယ်ဖို့ အစွမ်းထက် သင်္ဘောသီးစိမ်းရေနွေး နေ့စဉ်သောက်ကြစို့…

ယခုရက်ပိုင်းအတွင်းခေတ်စားလာသောဆေးမီးတို( ဆေးနည်းတို )တစ်ခုအကြောင်းတင်ပြလိုက်ပါသည်။


ပုပ္ပားတောင်သို့ဘုရားဖူးသွားရင်းဆီးချိုတက်၍မေ့လဲကျသွားသော အမေသိန်း(နန်းရှေ့ကန်ကောက်သစ်ရွာ)မှဤနည်းကိုပြောပါသည်။ အမေသိန်းသည်ဆီးချိုသွေးချိုရောဂါနှင့်အထူးကုဆရာဝန်ကြီးများပြပြီးဆေးစားနေသည်မှာ၂နှစ်ကျော်ရှိပြီဖြစ်ပါသည်။

ခါတိုင်းလည်းဆီးချိုတက်လျှင်မူးလဲနေကျဖြစ်ပါသည် ။

ပုပ္ပားတောင်စောင်းတန်းမှအမေကြီးတစ်ဦးမှသူ့ကိုပွေ့ချီထားခိုင်းပြီးသင်္ဘောသီးစိမ်းအဆင်သင့်ကိုခေါင်းပိုင်းမှဖြတ်အတွင်းမှအစေ့နုများကိုဇွန်းဖြင့်ခြစ်ထုတ်ပြီးနောက်ဆူနေသောရေနွေးအဖြူလောင်းထည့်ပြီးပိတ်ထားပါသည်

၁၅မိနစ်ခန့်ထားပြီးနောက်သွန်ငှဲ့ပြီးအနည်းငယ်အအေးခံ၍တိုက်ပါသည်။

သင်္ဘောသီးကိုလွှင့်မပစ်ရပါရေနွေးပြန်ပြန်ဖြည့်ပြီးတစ်နေကုန်၎ကြိမ်၅ကြိမ်အထိသောက်နိုင်ပါသည်။



ဤနည်းဖြင့်အမူးရောဂါအမျိုးမျိုးသက်သာသည့်အပြင်

သွေးယားရောဂါ။ အိပ်မပျော်သောရောဂါနှင့်အစာအိမ်ရောဂါအချို့တို့ပါ

ပျောက်ကင်းသူများရှိသည် ဟုဆိုပါသည်။



အမေသိန်းသည်ဤနည်းကိုယုံယုံကြည်ကြည်ဖြင့်တစ်လစွဲစွဲမြဲမြဲသောက်ပြီးနောက်နေ့စဉ်စစ်ဆေးနေသောဆီချို မှာလုံးဝမတက်တော့ဟုဆိုပါသည်။

ဤနည်းအတိုင်းလုပ်ဆောင်ပုံကိုတင်ပြပေးသူဆရာမဒေါ်ကြည်ကြည်သန်းနှင့် အမေသိန်းတို့ပုံကိုတင်ပြထားပါသည်။ ဘေးထွက်ဆိုးကျိုးမရှိသောနည်းဟုယူဆ၍တင်ပြပါသည် ။

မြန်မာ့ဆေးစွမ်းနှင့်အိမ်တွင်းဆေးမြီးတိုများ

=========

Unicode













