MASIGNALPHA101

ယနေ့ အောင်ဘာလေ သိန်းတစ်သောင်းထီ ပေါက်သွားတဲ့ မန္တလေးက ဒေါ်ယုယု

Thursday, March 1, 2018

ယနေ့ မက်လ ၁ ရက်နေ့ နိုင်ငံတော်ထီ အောင်ဘာလေ သိန်းတစ်သောင်းကံထူးရှင်ကတော့ ထွက်ပေါ်လာပြီပဲ ဖြစ်ပါတယ်။ သိန်းတစ်သောင်း ကံထူးရှင်ဟာ မန္တလေးမြို့က ဖြစ်တယ်လို့ ဖေ့စ်ဘွက်မှာ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြေနေကြတဲ့ သတင်းတွေအရ သိရပါတယ်။

ယနေ့ မနက် ၈ နာရီက စတင်ဖွင့်လှစ်လိုက်တဲ့ အောင်ဘာလေ အမြင့်ဆုံး သိန်းတစ်သောင်းဆုဟာ ကဋ ၅၉ ၂၁၆၆ ကဏန်းဖြစ်ပါတယ်။ လူအများစိတ်ဝင်းစား မျှော်လင့်နေကြတဲ့ ဒီဆုကြီးကို မန္တလေးမြို့ ၃၃ လမ်း ၃၄ လမ်း ၈၅ လမ်းကြား၊ ကြတ်ခင်းဝင်းမှာနေတဲ့ ဒေါ်ယုယု ဆိုသူ အသက် ၆ဝ ဝန်းကျင်ခန့် အမျိုးသမီးတစ်ဦးက ပေါက်သွားတယ်လို့ သိရပါတယ်။

အောင်ဘာလေသိန်းတစ်သောင်းထီဟာ အကြိမ် ၁၂ ကြိမ်မြောက်ရှိပြီဖြစ်ပြီး အစောပိုင်းအကြိမ်များမှာသာ သိန်းတစ်သောင်းကံထူးရှင်များ ဖေ့စ်ဘွက်လူမှုကွန်ယက်ပေါ်သို့ ပြန့်နှံ့လေ့ရှိပြီး နောက်ပိုင်းအကြိမ်များမှာတော့ ပြန့်နှံ့လေ့မရှိခဲ့ပါဘူး။ ခုတစ်ခါမှ ပြန်ပြီး ပြန့်နှံ့လာတာလည်း ဖြစ်ပါတယ်။

Credit - PannPwint