MASIGNALPHA101

ညာဘက်မျက်လုံးတဖက် မမြင်ရတာ ၃ ပတ်လောက် ရှိပြီးဆိုတဲ့ မအေးသောင်း

ညာဘက်မျက်လုံးတဖက် မမြင်ရတာ ၃ ပတ်လောက် ရှိပြီးဆိုတဲ့ မအေးသောင်း
Wednesday, February 28, 2018


ညာဘက်မျက်လုံးတဖက် မမြင်ရတာ ၃ ပတ်လောက် ရှိပြီးဆိုတဲ့ မအေးသောင်း ဘန်ကောက်မှာ ဆေးသွား ကုမည်။

အမြင်အာရုံအတွက် အရေးကြီးဆုံး မျက်ကြည်လွာကို မှ ထိခိုက်ခဲ့တဲ့ မအေးသောင်း

သရုပ်ဆောင် အေးဝတ်ရည်သောင်းကတော့လူမှုကွန်ယက်နဲ့ အနုပညာလမ်းကြောင်းပေါ်မှာ မအေးသောင်း ဆိုတဲ့ နာမည်လေးနဲ့တစ်ကြော့ပြန်နာမည်ကြီး လာတဲ့သူလေးပဲဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ နာမည်လေးနဲ့ပရိသတ်တွေရဲ့နှလုံး သားကို ထပ်မံလှုပ်ခတ်လာစေတဲ့ သူမကတော့ လက်တလောမှာခွဲစိတ်ကုသမှု ခံယူရ တော့မယ်လို့ သိရပါတယ်။ သူမရဲ့ခွဲစိတ်ကုသမှုကိုတော့ ထိုင်းနိုင်ငံဘန်ကောက်တွင် သွားရောက်ကုသမှာဖြစ်တာကြောင့် သူမရဲ့ပရိသတ်တွေကလည်းအရမ်းကို စိတ်ပူနေကြပါတယ်။

ဒီရက်ပိုင်းအတွင်း သူမအနေနဲ့ စိတ်ဖိစီးမှုတွေ ရှိခဲ့တာ ကြောင့် မျက်လုံးထဲကသွေးကြောမျှင်လေးပေါက်ပြီး မျက်ကြည်လွှာ ပေါ်မှာကွယ်နေခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် သူမရဲ့ညာဘက်မျက်လုံးတစ်ဖက်က မမြင်ရ တာသုံးပတ်လောက်ရှိခဲ့ပြီလို့ သူမကဆိုပါတယ်။

ချစ်ပရိသတ်တွေ စိတ်ပူရမှာစိုးလို့ ပြောမပြခဲ့ပေမယ့်
သွားရောက်ဆေးကုသတော့မှာ ဖြစ်တာကြောင့်ပရိသတ်တွေကို အသိပေးတဲ့အနေနဲ့ ပြောပြခဲ့တာပါလို့ အင်တာဗျူးတစ်ခုမှာဖြေကြားခဲ့ပါတယ်။

လူမှုကွန်ယက်မှာလည်း ချစ်ပရိသတ်တွေ စကားလာ ပြောရင် စာမပြန်နိုင်တာကိုလည်း ခွင့်လွတ်ပေးပါလို့ ဆိုပါတယ်။မျက်လုံးတစ်ဖက်ကမမြင်ရတာရယ် ဖုန်းကိုအာရုံစိုက်ပြီး အကြာကြီးသုံးရင်မျက်လုံးက ပိုဆိုးလာတာ ကြောင့် ပရိသတ်တွေအပေါ် ပျက်ကွက်နေခဲ့တာ လေးတွေရှိခဲ့တာပါလို့ တောင်းပန်စကားလေး ဆိုလိုက်တာပဲ ဖြစ်ပါတယ်။

Ref:MyanmarLoad
Photo - Aye Thaung fb