MASIGNALPHA101

ေကာင္းလြန္းလို႔မ်ွေဝပါသည္။ မေကြ်းခ်င္ရင္မျပပါနဲ႕

ေကာင္းလြန္းလို႔မ်ွေဝပါသည္။ မေကြ်းခ်င္ရင္မျပပါနဲ႕
Wednesday, February 28, 2018


မူလတန္းေက်ာင္းတစ္ေက်ာင္းတြင္ျဖစ္သည္ ေက်ာင္းသူတစ္ဦးႏွင့္ ေက်ာင္းသားတစ္ဦး စကားေျပာေနသည္ကုိ ဆရာမ ေဘးမွေျခာင္းျပီး နားေထာင္ေနသည္။ ေက်ာ္ေက်ာ္ေရ ။ဒီမွာၾကည့္ပါ့အုံး။ ငါ့အိမ္ကေပးလုိက္တာ။ ပန္းသီးတစ္လုံး။ အရမ္းစားလုိ႕ေကာင္းမွာပဲဟဲ႔ ။”

ငါ့ကုိလဲ တျခမ္းေကြ်းပါ့လား ။ ျမင့္ျမင့္ရယ္ ။ ငါလဲ စားခ်င္လုိ႕ပါ ။ ေအာင္မွာ ဘာလုိ႕ေကြ်းရမွာလဲ ။ ဒီပန္းသီးက အရမ္းစားလုိ႕ ေကာင္းတာဟဲ႕ ။ နင့္ကုိေကြ်းရင္ ငါနည္းနည္းပဲစားရမွာေပါ့ဟဲ႔ ။ မေကြ်းဘူးဟာ ။ ျမင့္ျမင့္ရာ ။နင္ ေတာ္ေတာ္ အက်င့္ပုပ္တာပဲ ။

မေကြ်းခ်င္ပဲ ငါ့ကုိ ဘာလုိ႔ျပတာလဲ ။ အခု ငါက ျမင္ေတာ့ အရမ္းစားခ်င္တာေပါ့ ။ နင္ ငါ့ကုိ ေကြ်းဟာ ။ ေသလုိက္ပါ့လား ။ မေကြ်းပါဘူး ။ ေက်ာ္ေက်ာ္သည္သူမ်ားႏွင့္မတူပါ ။ လုိခ်င္တာ မရမက ယူတက္သည္ ။ ျမင့္ျမင့္က ပန္းသီးကုိ ျပျပီး မေကြ်းသျဖင့္ လုယူဖုိ႕စဥ္းစားလုိက္သည္ ။

“မေကြ်းရင္ လုတယ္ဟာ” ပန္းသီးလုျပီး ေျပးသြားျပီ း။ ျမင့္ျမင့္ငုိျပီ။ သူ႕အျပစ္ႏွင့္သူ ခံရေလျပီ ။ ၾကြားခ်င္ ျပခ်င္ေတာ့ ခံရတာေပါ့ ။ ဆရာမ ဆီသြားတုိင္သည္ ။ ဆရာမ ျဖစ္ေၾကာင္းကုန္စင္ အကုန္သိျပီးသား။ ေက်ာ္ေက်ာ္ ကုိ ထုိင္ထ အခါ ၅၀ လုပ္ျပီးအျပစ္ေပးလုိက္သည္။

ထုိ႕ေနာက္ အတန္းထဲမွ ေက်ာင္းသား ေက်ာင္းသူမ်ားကုိ ဆုံးမစကားေျပာေလသည္။ “ကေလးတုိ႕” ေရ ။ အခု ျမင့္ျမင့္နဲ႔ေက်ာ္ေက်ာ္တုိ႕ ေျပာတာေတြကုိ ဆရာမ အကုန္ၾကားတယ္ ။ ျမင့္ျမင့္က ပန္းသီးကုိ ေက်ာ္ေက်ာ္ျမင္ေအာင္ျပတယ္ ။ စားခ်င္လာေအာင္ အရသာရွိေၾကာင္းေျပာတယ္ ။ အရမ္းစားခ်င္လာေတာ့ သူမေကြ်းဘူူး ။ အဲဒီေတာ့ ေက်ာ္ေက်ာ္က စိတ္မထိန္းႏုိင္ပဲ လုစားလုိက္တယ္။

တကယ္ဆုိရင္ ျမင့္ျမင့္မွာလဲ အျပစ္မကင္းပါဘူး ။ သူ႕အျပစ္နဲ႕သူခံရတာ ။ ဒီလုိပဲ သမီးတုိ႕လဲ မွတ္သားထားပါ ။ အခုေခတ္မွာ မိန္းခေလးေတြဟာ ေယာက္က်ားေလးေတြျမင္ေအာင္ ရင္သားေတြေဖာ္ ေပါင္ေတြျပတဲ႕ အဝတ္အစားေတြ ဝတ္က်တယ္ ။ ခုန ပန္းသီးလုိေပါ့ ။

မေကြ်းခ်င္ပဲ သူတစ္ပါးျမင္ေအာင္ျပတာဟာ အႏၲ၇ာယ္ ကုိဖိတ္ေခၚသလုိပဲ ။ မိန္းကေလးေတြက ဒီလုိ အတြင္းသားေတြျပေတာ့ စိတ္ရုိင္းရွိတဲ႕ ေယာက္က်ားသားေတြက ျဖစ္ခ်င္ရာျဖစ္ဆုိျပီး လုစားတက္တယ္ ။

သမီးတုိ႕လဲ ေနာင္တခ်ိန္အရြယ္ေရာက္လာရင္ လုံလုံၿခံဳၿခဳံ ဝတ္ၾကပါလုိ႕ ဆရာမ မွာခ်င္တယ္ ။ “ဟုတ္ကဲ႕ပါ ဆရာမ ။” သမီးတုိ႕ လုံလုံျခဳံျခဳံ ဝတ္ပါ့မယ္ ။ ” ျမန္မာမေလးတုိ႔ေရ ပုံျပင္ေလးကေတာ့ ဒါပါပဲကြယ္” ***မေကြ်းခ်င္ရင္ မျပပါနဲ႕ လုစားခံရတတ္တယ္ေနာ္ *** နားလည္သေဘာေပါက္ပါေစ ၊။

Credit: အရွင္နာယက-ဗုဒၶတကၠသိုလ္

Unicode

ကောင်းလွန်းလို့မျှဝေပါသည်။ မကျွေးချင်ရင်မပြပါနဲ့

မူလတန်းကျောင်းတစ်ကျောင်းတွင်ဖြစ်သည် ကျောင်းသူတစ်ဦးနှင့် ကျောင်းသားတစ်ဦး စကားပြောနေသည်ကို ဆရာမ ဘေးမှခြောင်းပြီး နားထောင်နေသည်။ ကျော်ကျော်ရေ ။ဒီမှာကြည့်ပါ့အုံး။ ငါ့အိမ်ကပေးလိုက်တာ။ ပန်းသီးတစ်လုံး။ အရမ်းစားလို့ကောင်းမှာပဲဟဲ့ ။”

ငါ့ကိုလဲ တခြမ်းကျွေးပါ့လား ။ မြင့်မြင့်ရယ် ။ ငါလဲ စားချင်လို့ပါ ။ အောင်မှာ ဘာလို့ကျွေးရမှာလဲ ။ ဒီပန်းသီးက အရမ်းစားလို့ ကောင်းတာဟဲ့ ။ နင့်ကိုကျွေးရင် ငါနည်းနည်းပဲစားရမှာပေါ့ဟဲ့ ။ မကျွေးဘူးဟာ ။ မြင့်မြင့်ရာ ။နင် တော်တော် အကျင့်ပုပ်တာပဲ ။

မကျွေးချင်ပဲ ငါ့ကို ဘာလို့ပြတာလဲ ။ အခု ငါက မြင်တော့ အရမ်းစားချင်တာပေါ့ ။ နင် ငါ့ကို ကျွေးဟာ ။ သေလိုက်ပါ့လား ။ မကျွေးပါဘူး ။ ကျော်ကျော်သည်သူများနှင့်မတူပါ ။ လိုချင်တာ မရမက ယူတက်သည် ။ မြင့်မြင့်က ပန်းသီးကို ပြပြီး မကျွေးသဖြင့် လုယူဖို့စဉ်းစားလိုက်သည် ။

“မကျွေးရင် လုတယ်ဟာ” ပန်းသီးလုပြီး ပြေးသွားပြီ း။ မြင့်မြင့်ငိုပြီ။ သူ့အပြစ်နှင့်သူ ခံရလေပြီ ။ ကြွားချင် ပြချင်တော့ ခံရတာပေါ့ ။ ဆရာမ ဆီသွားတိုင်သည် ။ ဆရာမ ဖြစ်ကြောင်းကုန်စင် အကုန်သိပြီးသား။ ကျော်ကျော် ကို ထိုင်ထ အခါ ၅၀ လုပ်ပြီးအပြစ်ပေးလိုက်သည်။

ထို့နောက် အတန်းထဲမှ ကျောင်းသား ကျောင်းသူများကို ဆုံးမစကားပြောလေသည်။ “ကလေးတို့” ရေ ။ အခု မြင့်မြင့်နဲ့ကျော်ကျော်တို့ ပြောတာတွေကို ဆရာမ အကုန်ကြားတယ် ။ မြင့်မြင့်က ပန်းသီးကို ကျော်ကျော်မြင်အောင်ပြတယ် ။ စားချင်လာအောင် အရသာရှိကြောင်းပြောတယ် ။ အရမ်းစားချင်လာတော့ သူမကျွေးဘူး ။ အဲဒီတော့ ကျော်ကျော်က စိတ်မထိန်းနိုင်ပဲ လုစားလိုက်တယ်။

တကယ်ဆိုရင် မြင့်မြင့်မှာလဲ အပြစ်မကင်းပါဘူး ။ သူ့အပြစ်နဲ့သူခံရတာ ။ ဒီလိုပဲ သမီးတို့လဲ မှတ်သားထားပါ ။ အခုခေတ်မှာ မိန်းခလေးတွေဟာ ယောက်ကျားလေးတွေမြင်အောင် ရင်သားတွေဖော် ပေါင်တွေပြတဲ့ အဝတ်အစားတွေ ဝတ်ကျတယ် ။ ခုန ပန်းသီးလိုပေါ့ ။

မကျွေးချင်ပဲ သူတစ်ပါးမြင်အောင်ပြတာဟာ အန္တ၇ာယ် ကိုဖိတ်ခေါ်သလိုပဲ ။ မိန်းကလေးတွေက ဒီလို အတွင်းသားတွေပြတော့ စိတ်ရိုင်းရှိတဲ့ ယောက်ကျားသားတွေက ဖြစ်ချင်ရာဖြစ်ဆိုပြီး လုစားတက်တယ် ။

သမီးတို့လဲ နောင်တချိန်အရွယ်ရောက်လာရင် လုံလုံခြုံခြုံ ဝတ်ကြပါလို့ ဆရာမ မှာချင်တယ် ။ “ဟုတ်ကဲ့ပါ ဆရာမ ။” သမီးတို့ လုံလုံခြုံခြုံ ဝတ်ပါ့မယ် ။ ” မြန်မာမလေးတို့ရေ ပုံပြင်လေးကတော့ ဒါပါပဲကွယ်” ***မကျွေးချင်ရင် မပြပါနဲ့ လုစားခံရတတ်တယ်နော် *** နားလည်သဘောပေါက်ပါစေ ၊။

Credit: အရှင်နာယက-ဗုဒ္ဓတက္ကသိုလ်